ပေါက်ခေါင်းမြို့နယ် ပိတောက်ကုန်းကျေးရွာနှင့် ဓမ္မ‌သော်‌ကျေးရွာရှိပြည်သူ (၁၅၄) အား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster dose အား ကွင်းဆင်း ထိုးနှံပေး

ပေါက်ခေါင်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက် / ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေး ထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ Volunteer များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က ပိတောက်ကုန်းကျေးရွာ အုပ်စုမှပြည်သူ (၁၂၁) ဦးနှင့် ဓမ္မသော်ကျေးရွာအုပ်စုမှ ပြည်သူ (၃၃) ဦး၊ စုစုပေါင်း (၁၅၄) ဦးအား Covishield အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster dose ကို ကွင်းဆင်းထိုးနှံပေးခဲ့ပြီး၊‌ ညောင်ကုန်းကျေးရွာမှ ပြည်သူ (၂၂) ဦး၊ ချောင်းဖြောင့်ကျေးရွာမှ ပြည်သူ (၄၄) ဦး၊ စုစု‌ပေါင်း (၆၆) ဦးတို့ကိုလည်း (ဒုတိယအကြိမ်) ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)