ဒေါပုံ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များအနက် ရပ်ကွက်စာကြည့်တိုက် (၁)တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေါပုံမြို့နယ်အတွင်း စာကြည့်တိုက်တွေကို ရှင်သန်ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ယခုလိုတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်တွေဟာ အရမ်းကောင်းမွန်တဲ့ စာကောင်းပေကောင်းတွေဖြစ်တဲ့အတွက် ဒီလှူဒါန်းမှုကလည်း ရရှိသလို မိမိစာကြည့်တိုက်များမှလည်း စာအုပ်စာစောင် တိုးပွားရေးကိုလည်း ဆောင်ရွက်ကြစေလိုကြောင်း၊ စာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီ၀င်များမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာ၀င်းက စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် မြို့နယ်အတွင်းမှာရှိသည့် ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်စေလိုကြောင်း၊ ယခုလှူဒါန်းရခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ လှူဒါန်းသော စာအုပ်များကို မြို့နယ်မှာရှိတဲ့ ရှင်သန်နေသော စာကြည့်တိုက်များကို လှူဒါန်းခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စာကြည့်တိုက်အားလုံးရှင်သန်ရေးအတွက် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်၍ ရှင်သန်ခိုင်မာရေးအတွက် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက်စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာ၀င်းက သင်္ဘောကျင်းရပ်ကွက် ပညာ့ခေါင်းလောင်းသံ စာကြည့်တိုက်အား ပေးအပ်လှူဒါန်းပြီး ရပ်ကွက်စာကြည့်တိုက် ကော်မတီ၀င်များမှ စာအုပ်စာစောင်များ လက်ခံရယူခဲ့ကြောင်း သိရသည်။
သူဇာ၀င်း