သတင်းများ

သာယာဝတီ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာများသို့ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်း များအား ယမန်နေ့ နံနက်ပိုင်းက ကျွဲသတ်အုပ်စု၊ နွယ်ခွေကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ကံမမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 11,2022
မကွေးတိုင်းဒေသကြီး ကံမမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့် အသက်(၁၅)နှစ်အထက် (၁၈)နှစ်အကြား လူငယ်များ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး၊ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ
May 11,2022
ရန်ကုန်မြောက်ပိုင်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်တွင် ယနေ့နံနက်(၉)နာရီ အချိန်ကစတင်ပြီး မြခွါညိုလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက်(၂)လမှ အသက်(၂)နှစ်အထိ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံရခြင်းမရှိသေးသူများအား လိုက်လံမေးမြန်းပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဒေသန္တရ ကျန်းမာရေးဌာနက သူနာပြုဆရာမများဖြစ်သော ဒေါ်မီမီထွေး၊ ဒေါ်မိုမိုအောင်၊ဒေါ်ကေခိုင်ဂျူးနှင့် ကြီးကြပ်(၂)ဦးဟိန်းသူရိန်တို့မှ ဆောင်ရွက်ပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စေတနာ့ဝန်ထမ်းများ အင်အား(၁၅)ဦးတို့မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြင်စလူမြို့၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ Grade -5(သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 11,2022
‌ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ Grade-5 သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်(၈)နာရီ အချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌  စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မေလ(၁၀)ရက်နေ့နံနက်(၁၀)နာရီက စာရေးဆရာ အတ္တကျော်၏ “သားငယ်တို့နားလည်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ အခြေခံစားသောက်ကုန်များ လာရောက်ရောင်းချပေး
May 11,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြေခံ စားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် အမှတ် (၂၃) ရပ်ကွက်၌ လာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရ သည်။
လှည်းကူးမြို့နယ်တွင် မြို့နယ်အဆင့် (Grade-5)သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 11,2022
န်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်း သင်ရိုးသစ်ကို သင်ကြားနိုင်ရန်နှင့်