ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုးသင့်အခြေခံ စားသောက်ကုန်များ ရောင်းချပေး

ဆိပ်ကြီးခနောင်တို မေ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် နေပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသင့်တင်စွာ လာရောက်ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်ကြမ်း ၅ ပြည်အိတ် ၂၀ အိတ်၊ ဆန်ချော ၅ ပြည်အိတ် ၁၅ အိတ် နှင့် ဆီ ၅၀ ကျပ်သားဘူး ၃၀၀ နှင့် ကြက်ဥ ၁၀ လုံးပါ ကတ် ၆၀ တို့ကို မြို့နယ်အတွင်း ဆိပ်ကြီးအရှေ့ရပ်ကွက်၊ မြို့ဦးကျောင်းတိုက်ရှေ့ လူစည်ကားရာနေရာတွင် ပြည်သူများအား ရောင်းချ ပေးခဲ့ရာ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ဝေယံ(IPRD)