ကျောက်တလုံးကြီး မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များအတွက် အဓိကရည်ရွယ်ပြီး လူငယ်တွေစဉ်းစားဖို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk show ကိုလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉) နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များအနေဖြင့် ပညာရေးအလုပ်အကိုင် ရွေးချယ်မှုများနှင့်ပတ်သက်ပြီး အချိန်နှင့်ငွေကြေးကို အကျိုးရှိရှိအသုံးချပြီး မိမိဝါသနာပါရာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)