စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး

 မုံရွာ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းနှင့် မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းများအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီရောက်ရှိလာပြီဖြစ်ရာခြင်များ မပေါက်ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းကို မေလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာများနှင့်ဝန်ထမ်းများ ပူးပေါင်း၍  စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ် ကွက်ရှိ၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းဝန်းအတွင်း ကျောင်းဥပဓိရုပ်ကောင်း မွန်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မျာ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေးတက္ကသိုလ်တွင် မုံရွာမြို့နယ်အတွင်းရှိ လူဦးရေစာရင်းတိကျမှန်ကန်စေရေး၊ ရွေးကောက်ပွဲမဲစာရင်းများ ပြုစုချိန်တွင် မှန်ကန်စေရေးတို့အတွက် နိုင်ငံသားကိုယ်ရေးမှတ်တမ်း၊ နိုင်(၄)အချက်အလက်များကို နည်းပညာအသုံးပြု၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက စာရင်းများရေးသွင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။