ရေကြည် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး ၊ လူကုန်ကူးမှုဆိုင်ရာအသိ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီအချိန်က လူစည်ကားရာ နေရာဖြစ်သည့် ရေနံသာလမ်းဆုံလမ်းခွတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသန်းဝင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးမြင့်အောင်၊ မြို့မရဲစခန်းမှူး ရဲမှူးအောင်ကိုကိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည်။
အဆိုပါယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ ပေးလက်ကမ်းစာစောင်တွင်ယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀) တွင်ပါရှိသော ဥပဒေပုဒ်မများအကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်း သူများလိုက် နာရမည့်အချက်များ၊ လမ်းဖြတ်ကူးပါကဘေးကင်း လုံခြုံမှုကိုသတိပြုရမှုမည့် အချက်များကို ထည့်သွင်း ဖော်ပြထားရှိသည်။ ထိုပြင်လူကုန်ကူးမှု ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြား ရန်လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေတွင်ပါရှိသော ပြစ်မှုပြစ်ဒဏ်များအကြောင်း ကိုခရီးသွားပြည်သူများ အသိပညာ ဗဟုသုတရ ရှိစေရန်အတွက် လက်ကမ်းစာစောင် အစောင်ရေ (၃၀၀)ကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)