ဘုတ်ပြင်း မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက စီမံကိန်းလျာထားချက်များအား ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများအနေဖြင့် ယခုနှစ်တွင် စီမံကိမ်းလုပ်ငန်းဆောင်ရွက်ချက်များအား ယခင်နှစ်များအတိုင်း ရာထားချက်ပြည့်မီအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း စသည့်စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်သည်များ ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးဌေးအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ရခြင်း ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူမျာအား မြို့နယ်အုပ်ချုပ်ရေးမှူးက စီမံကိန်းလုပ်ငန်းဆိုင်ရာ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)