သာပေါင်းမြို့နယ်တွင် GRADE-5(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

သာပေါင်း မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် GRADE-5(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အ.ထ.က သာပေါင်း သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သက်နိုင်မှ သင်တန်းဖွင့်လှစ် ပို့ချပေးရခြင်း ရည်ရွယ်ချက်များအား အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးစိုးနိုင်၊ လက်ထောက်ပညာရေးမှူး ဦးသက်နောင်စိုးမှ သတင်းတန်းတွင်ပို့ချမည့် သင်ခန်းစာ ဘာသာရပ်များနှင့် စည်းကမ်းချက်များ၊ သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီးများနှင့် မိတ်ဆက်ပေးခဲ့ကြသည်။

ထို့နောက် GRADE-5(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီး (၇၀)ဦးတို့က မေလ ၁၀ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ‌နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယ၊ ဂီတပန်းချီ၊ Generic Topics၊ General Session၊ လက်ပံပွင့်ကောက်၊ နံရံကပ်စာစောင်လုပ်ကြမယ်၊ My School (Unic-6)၊ အခန်း(၁) အပြည့်ကိန်းနှင့်ဒသမကိန်းများ၊ အခန်း ၅/၆ ဒသမကိန်း မြှောက်ခြင်းစားခြင်း၊ အခန်း(၃) ဒြပ်နှောများ၊ ရန်ကုန်တိုင်းဒေသကြီး ပထဝီဝင်၊ ဘာသာရပ်ဖွဲ့စည်းပုံ၊ အခန်း(၁၁) ဒီထိုးတွတ်ထိုး ကစားနည်း၊နှင်းဆီပွင့်အရောင်ပြောင်းခြင်း၊ ပလပ်စတစ်အိတ်ကလေး ခရီးစဉ်၊ Unic-2 Time and Seasons၊ အခန်း(၁၀) အပိုင်းကိန်းများ ပေါင်းခြင်း နှုတ်ခြင်း၊ အခန်း(၁၁) ပျမ်းမျှခြင်း၊ အခန်း(၁၅) ကြိဂံများနှင့်စတုဂံများ ဧရိယာ၊ အခန်း(၆) နေနှင့်ဂြိုလ်များ၊ အခန်း(၇/၉)၊ ကုန်းဘောင်ခေတ် သမိုင်း၊ စည်းကမ်းရိုသေစွာ သွားလာလည်ပတ်ပါ၊ အခန်း(၁၆) မီနီဘောလီဘော ကစားနည်း၊ လက်တွေ့ပန်းချီဆွဲခြင်း ဘာသာရပ်အသီးသီးတို့ကို သင်တန်းတတ်ရောက်လာကြသော သင်တန်းသား ဆရာ၊ ဆရာမ (၁၀၈၅)ဦးတိုအား သာပေါင်း အခြေခံပညာ အထက်တန်းကျောင်းဆောင် (၃၅)ဆောင်တွင် ဘာသာရပ်အလိုက် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)