ပန်းတောင်းမြို့နယ်တွင် မြို့မစာကြည့်တိုက်၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပန်းတောင်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် မြို့မစာကြည့်တိုက်၌ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မျိုးဆက်သစ်လူငယ်များ ကျောင်းပိတ်ရက်အားလပ်ချိန်တွင် စာပေနှင့်ပတ်သက်၍ လေ့လာကြိုးစားစေရန်နှင့် အသိပညာဉာဏ်ရည်များ တိုးတက်စေရန်ရည်ရွယ်၍ ကဆုန်ကပြည့်နေ့အကြောင်း ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းမှ အထက်တန်းအထိ ကျောင်းသား / ကျောင်းသူ ၂၆ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို မေ ၁၅ ရက်နေ့တွင်ဆုများ အသီးသီးပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)