သနပ်ပင်မြို့တွင် မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

သနပ်ပင် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် မြို့နယ်အဆင့် Grade- 5 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့  နံနက် ၉ နာရီအချိန်က အထက (သနပ်ပင်) ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဥက္ကဋ္ဌ  ဦးဇော်လင်းထက်က အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်မှ  မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား   ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ  မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး သင်တန်းအားကြီးကြပ်ဆရာ ဆရာမ (၉) ဦး နည်းပြဆရာ / ဆရာမ (၂၄) ဦးက ဆွေးနွေးပို့ချမည်ဖြစ်ပြီး သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ / ဆရာမ (၃၉၀) ဦးတို့ တက်ရောက်ကြသည်။ ၎င်း Grade-5 (သင်ရိုးသစ်) ဆွေးနွေးပွဲကို မေလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့ထိ (၄) ရက်ကြာ ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှမိုး (ပြန်/ဆက်)