မေတ္တာမြို့တွင် နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မေတ္တာ မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်ခရိုင်၊ မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနရုံးတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်/စာငှားပရိသတ်များအတွက် စာကောင်းပေကောင်းများ၊ ဗဟုသုတတိုးပွားစေမည့် စာအုပ်/စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး ရည်ရွယ်ပြီးနယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းကို ထွေ/အုပ်ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များအား အသင်း ဝင်ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ စာဖတ်ပရိတ်သတ် အကြိုက်စာအုပ်များ ငှားရမ်းပေးခြင်းများကို အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိရာ စာဖတ်ပရိတ်သတ်ကြိုက်နှစ်သက်သည့် စာအုပ်များအား ရက်သတ္တပတ်လျှင်တစ်ကြိမ် သွားရောက် လဲလှယ်ဆောင်ရွက်ပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

 အေးအေးချို ( မေတ္တာ)