သတင်းများ

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 22,2022
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့မအားကစားကွင်းအနီးတွင် ယနေ့နံနက်ပိုင်း က ကျင်းပခဲ့ကြောင်း သိရသည်။
ဂွ-ငါးသိုင်းချောင်း လမ်းမဘေး၊ ကုန်းပြင်ဘိနယ်၌ (၂၀၂၂)ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 22,2022
သစ်တောသစ်ပင်၏ တန်ဘိုးကိုနားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖော်ဆောင်ပေးရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးရန် ရည်ရွယ်၍ ယနေ့နံနက် (၉:၀၀)နာရီအချိန် က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်သစ်တောဘိနယ်ရှိ ဂွ-ငါးသိုင်းချောင်းလမ်း မိုင်တိုင်(၄/၆)နှင့်(၄/၇)ကြား၊ လမ်းမဘေး၌ (၂၀၂၂)ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ သီးနှံစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မြို့နယ်အတွင်းရှိ သီးနှံစိုက်တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန် က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ကံမမြို့နယ်၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 22,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အလယ်ချောင်းကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၁၄၆/၄ အနီး မဒေးကြိုးပြင်ခုတ်ကွက် အမှတ်(၁၀၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ကျောင်းသန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
May 22,2022
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် အမှတ် (၁) အခြေခံပညာကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက နေရာ (၃) နေရာခွဲ၍ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် က သွားရောက်ကြည့်ရှုအားပေးသည်။
သရက်ချောင်းမြို့နယ်တွင် ဆင်းသုခ(RS) မျိုးသန့် မျိုးပွား မျိုးစေ့စပါးပေးအပ် ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
May 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆင်းသုခ (RS) မျိုးသန့် မျိုးပွား မျိုးစေ့ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၂ခုနှစ် ၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ပျော်ဘွယ်-နတ်မောက် ကားလမ်းဘေး မိုင်တိုင်အမှတ် (၃၁/၄)အနီး၊ စိုင်ကောင်းသစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၁) အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
May 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ​ယမန်နေ့ နံနက်(၁၀)နာရီအချိန်က (၈)မိုင်​ကျေးရွာအနီးရှိ သာဂရ-ကိုးပင် ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။