ရေတာရှည်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

ရေတာရှည် မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ​ယမန်နေ့   နံနက်(၁၀)နာရီအချိန်က (၈)မိုင်​ကျေးရွာအနီးရှိ သာဂရ-ကိုးပင် ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များအား စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပျဉ်းမ စုစုပေါင်း ပျိုးပင်(၄၀၀)အား ​စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)