သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီလှောင်ထားနိုင်သည့်တောင်သူများ အဆင်ပြေ
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိထားစိုက်ပျိုးကသော်လည်း အခြားအကျိုးအမြတ်ရရှိမည့် ဆီထွက်သီးနှံမျိုးစုံ၊ ကြက်သွန်အဖြူ/အနီ၊ ငှက်ပျော၊ ကွမ်းများ စိုက်ပျိုးကြကြောင်းသိရှိရကာ ကြက်သွန်နီဈေးနှုန်းသည် တစ်ပိဿာ(၆၅၀)ကျပ်မှ(၇၀၀)ကျပ်အထိ ရောင်းချရသဖြင့် ကြက်သွန်နီလက်ဝယ်လှောင်ထားနိုင်သည့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေးထိုးနှံပေး
May 23,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ပြီးဖြစ်သော်လည်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်ကစတင်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။
နမ္မတူတွင် “ဝန်ထမ်းပေါင်းစုံ” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပ
May 23,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်“ဝန်ထမ်းပေါင်းစုံ” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါ အသင်းရုံးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်၍ တောင်ကျရေးစီးဆင်းမှုကြောင့် လူနေအိမ်တစ်လုံးပျက်စီးကာ၊နေအိမ်(၄၀)ခန့် ရေကြီးနစ်မြုပ်
May 23,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ ‌ထောင်စုံမဟက်‌ကျေးရွာအုပ်စု ဝါးချောင်းကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်တစ်လုံးပျက်စီးကာ နေအိမ်(၄၀)ခန့် ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆွေးနွေးပွဲကို၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဘာသာရပ်များအလိုက် ပြုလုပ်လျက်ရှိကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်၌ ပုံတူ ပန်းချီပြိုင်ပွဲ ကျင်းပ
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ များအား ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပုံတူပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီပြိုင်ပွဲကျင်းပ
May 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က "မြန်မာ့ရိုးရာကစားစရာ" ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့ အောင်တော်မူစေတီတော်ကြီး၏ ပထမအကြိမ် အသံမစဲမဟာပဌာန်း  ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
May 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်တွင် အသစ်တည်ထားပူဇော်သည့် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူစေတီတော်ကြီး၏ ပထမအကြိမ် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းနားကို ယမန်နေ့နံနက် ၉ နာရီကအဆိုပါ စေတီတော်၌ ကျင်းပသည်။