သတင်းများ

ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်၍ လူနေအိမ်တစ်လုံးပြိုကျပျက်စီး
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရေငံကြီးကျေးရွာအုပ်စု ရေငံကြီးကျေးရွာတွင် ယမန်နေ့က မိုးသက်‌လေပြင်းကျ‌ရောက်ကာ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် (Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 23,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းဆင်းပွဲ ကျင်းပ
May 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ကျင်းပပြုလုပ်သည်။
တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်၊ Grade-11(သင်ရိုးသစ်)မြို့နယ်အဆင့်-ဆင့်ပွါးသင်တန်းစတင်ဖွင့်လှစ်သင်ကြားပို့ချ
May 23,2022
၂၀၂၂-၂၃ ပညာသင်နှစ်၊ Grade-11(သင်ရိုးသစ်) မြို့နယ်အဆင့် (Face To Face) ဆင့်ပွါးသင်တန်းဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမအတွင်း မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မင်းကျန်စစ်ဝန်ထမ်းအိမ်ရာတွင် မိသားစုစာကြည့်တိုက်ဖွင့်လှစ်
May 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မင်းကျန်စစ်ဝန်ထမ်းအိမ်ရာ မိသားစုစာကြည့်‌တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်သည်။
ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်ကာ တောင်ပြိုကျ၍ စာသင်ကျောင်းဆောင်ပျက်စီး
May 23,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ ရေငံကြီးကျေးရွာအုပ်စု ကွန်တောင်ကျေးရွာတွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မိုးသက်လေပြင်ကျရောက်၍ တောင်ပြိုကျမှုကြောင့် အမက-ကွန်‌တောင်စာသင်‌ကျောင်းဆောင် ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 23,2022
အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ ပုလဲရွေရည်ဂေါက်ကွင်းတွင် ယနေ့နံနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံး ပြိုကျပျက်စီး
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ မွန်းလွဲ၁‌၂ နာရီခွဲအချိန်ခန့်က ကျွန်းစုမြို့၏ မြောက်ဘက်(၁၂)မိုင်ခန့်အကွာ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာ၌ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။