သတင်းများ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အ.ထ.က (ရွှေလောင်း) ကျောင်းဆောင်သစ် တက်ရောက် ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု အ.ထ.က(ရွှေလောင်း) ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီခွဲက အဆိုပါကျောင်း၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
May 22,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တော သစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်(၈) နာရီအချိန်က ဘူးသီးတောင်-မောင်တောသွားရာ လမ်းအကောက်ခွန်ကင်းစခန်းဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား ကျင်း ပခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 22,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လွိုင်ကော် တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေး လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ရပ်စောက်မြို့နယ်၌ ဧကဒသမတန်း (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်
May 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် ဧကဒသမတန်း (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံရာ၌ အဆင်ပြေစေရေးအတွက် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မြို့တော်ဝန်မှ ကြည့်ရှုအားပေး
May 22,2022
ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ ရန်ကင်းမြို့နယ် အမှတ်(၁၁) ရပ်ကွက်၊ သစ္စာလမ်းရှိ၊‌ လေ့ကျင့်ရေးအလယ်တန်းကျောင်း အတွင်း/အပြင်သန့်ရှင်းရေးကို မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် မိုးသက်လေပြင်းအရှိန်ကြောင့် အုန်းပင်လဲ၍ အိမ်တစ်လုံးပျက်စီး
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းအရှိန်ကြောင့် အမှတ်(၂)ရပ်ကွက်ရှိ ဓနိမိုး၊ ဓနိကာ အိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် Green City၊ Clean City၊ Smart City အဖြစ် ဖော်ဆောင်ရန် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
May 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် Green City, Clean City, Smart City အဖြစ် ဖော်ဆောင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းဘူးမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မင်းဘူး-အမ်းကားလမ်းဘေးရှိ မိုင်တိုင်အမှတ် (၂/၀)အနီး မြို့နယ်သစ်တောဦးစီးဌာန (၅)ဧက ပျိုးဥယျာဉ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။