ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ
May 22,2022
နိုင်ငံ၏အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာတွင် အခြေခံပညာရေးမှာ လွန်စွာအရေးကြီးရာ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများလာမည့် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။