ကံမမြို့နယ်၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကံမ   မေ  ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ သစ်တောဦးစီးဌာနမှ ဒေသအတွင်း  စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် နာရီက အလယ်ချောင်းကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၁၄၆/ အနီး မဒေးကြိုးပြင်ခုတ်ကွက် အမှတ်(၁၀၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင်  သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးထွန်းနှင့် ဝန်ထမ်းများ ကြို့ပင်သစ်တောစခန်းမှ ဒုရဲမှူးဇာလင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊     ဒေသခံပြည်သူများ ပူးပေါင်းပါဝင်၍ ကျွန်းပျိုးပင် အပင် (၃၀၀)အား စိုက်ပျိုးခဲ့ကြသည်။   ထိုသို့စိုက်ပျိုးရာတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန် ရာသီဥတုပြောင်းလဲမှုကို လျော့ချစေရန် သစ်ပင်များကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ စုပေါင်း စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း (ကံမ)