ဂွ-ငါးသိုင်းချောင်း လမ်းမဘေး၊ ကုန်းပြင်ဘိနယ်၌ (၂၀၂၂)ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ငါးသိုင်းချောင်း  မေ ၂၂

သစ်တောသစ်ပင်၏ တန်ဘိုးကိုနားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖော်ဆောင်ပေးရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးရန် ရည်ရွယ်၍ ယနေ့နံနက် (:၀၀)နာရီအချိန် က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်သစ်တောဘိနယ်ရှိ ဂွ-ငါးသိုင်းချောင်းလမ်း မိုင်တိုင်(/)နှင့်(/)ကြား၊ လမ်းမဘေး၌ (၂၀၂၂)ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲ၌ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးသန့်ဇင် ()နှင့် ဝန်ထမ်းများ၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၃၄၄) အမြောက်တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ခန့်က ()ပေနှင့်အထက်ပျိုးပင်ကြီးများဖြစ်သော ကျွန်းအပင်(၂၀၀) မန်ဂျန်ရှားအပင်(၂၀၀)နှင့် ပျဉ်းကတိုးအပင်(၂၀၀) စုစုပေါင်းအပင်(၆၀၀)အား ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)