သရက်ချောင်းမြို့နယ်တွင် ဆင်းသုခ(RS) မျိုးသန့် မျိုးပွား မျိုးစေ့စပါးပေးအပ် ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

သရက်ချောင်း  မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆင်းသုခ (RS) မျိုးသန့် မျိုးပွား မျိုးစေ့ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းမြ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်၊ ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းမြ က အဖွင့်အမှာစကားပြောကြားပြီး သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်း က စပါးမျိုးစေ့များ တောင်သူများထံ ဖြန့်ဖြူးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ပြီး တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သားကြီး(သရက်ချောင်း)