အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျွန်းစု မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့မအားကစားကွင်းအနီးတွင် ယနေ့နံနက်ပိုင်း က ကျင်းပခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး(၂၀၀)ပင်၊ မဟော်ဂနီ(၁၅၀)ပင်၊ မန်ဂျန်ရှား(၁၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၅၀၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သစ်ပင်စိုက်ပျိုးပွဲ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်နှင့် တာဝန်ရှိသူများက ပျိုးပင်များအား ဖြန့်ဝေပေးခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)