သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းအတွင်းရှိကျောင်းများအား ကြည့်ရှုအားပေးပြီး ပြည်သူ့အကျိုးပြု သံကူကွန်ကရစ်တံတားနှင့် ပြုပြင်ပြီးစီးသည့် ပင်မနှစ်ထပ်ကျောင်းဆောင်အား တက်ရောက်ဖွင့်လှစ်ပေး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများသို့
မင်းတုန်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)ကျောင်းသား ကျောင်းသူများနှင့် ကျောင်းနေပြင်ပ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းနေပြင်ပ အသက်(၅)နှစ်မှ အသက်(၁၅)နှစ်အတွင်းရှိ ကလေးသူငယ်များအား Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် အခြေခံပညာမှုလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာမှုလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စတင်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းများ စတင်သင်ကြား
Jun 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင်ရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း ၌ ၂၀၂၀-၂၀၂၁ ဒုတိယပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပထမပညာသင်နှစ်အတန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး  အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 03,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို လူသွားလူလာများပြီး လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်(၄)စာရင်း ရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်
Jun 03,2022
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ မှတ်ပုံတင် နိုင်(၄) စာရင်းများအား Excel Format ဖြင့် ရိုက်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လက်ပံတန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံပေး
Jun 03,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ ကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အခြေပြု ကျောင်းသား၊ ကျောင်းသူများ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ အခြေခံပညာကျောင်း(၂၀)တွင် ကျန်းမာရေးဌာနက သွားရောက်ထိုးနှံပေးခဲ့ကြသည်။