သတင်းများ

သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယမန်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အခြေခံပညာကျောင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် တက်ရောက်သင်ကြားသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Jun 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင် ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးကြပါစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာများတွင် တက်ရောက်သင်ကြားသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား
ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ် မှ ၁၂ နှစ်အထိရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ် မှ ၁၂ နှစ်အထိရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
သနပ်ပင် မြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ကာ ပညာသင်ကြား
Jun 03,2022
၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ယမန်နေ့ဇွန်လ ၂ရက်နေ့က မြန်မာတစ်နိုင်ငံလုံးတွင် စတင်ဖွင့်လှစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း အထက(၁၄)ကျောင်း၊ အ.ထ.က(ခွဲ)(၉)ကျောင်း၊ အ.လ.က(၁၄)ကျောင်း၊ အ.လ.က(ခွဲ)(၁၆) ကျောင်း၊ မူလွန်(၆၇)၊အ.မ.က(၃)ကျောင်း၊ နှင့် အ.မ.က(ခွဲ)(၁)ကျောင်း စုစုပေါင်း(၁၂၁) ကျောင်းမှ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ​ပညာသင်ကြားလျက်ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့တွင် တစ်ပြိုင်နက် ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 03,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်ခဲ့ရာ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။
ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၂ခုနှစ်  မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 03,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကိုယနေ့နံနက်(၇)နာရီခွဲက လောကမဏိစူဠာဘုရားဝင်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။