သနပ်ပင် မြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ကာ ပညာသင်ကြား
Jun 03,2022
၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ယမန်နေ့ဇွန်လ ၂ရက်နေ့က မြန်မာတစ်နိုင်ငံလုံးတွင် စတင်ဖွင့်လှစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း အထက(၁၄)ကျောင်း၊ အ.ထ.က(ခွဲ)(၉)ကျောင်း၊ အ.လ.က(၁၄)ကျောင်း၊ အ.လ.က(ခွဲ)(၁၆) ကျောင်း၊ မူလွန်(၆၇)၊အ.မ.က(၃)ကျောင်း၊ နှင့် အ.မ.က(ခွဲ)(၁)ကျောင်း စုစုပေါင်း(၁၂၁) ကျောင်းမှ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။