သရက်ချောင်းမြို့နယ်တွင် အခြေခံပညာမှုလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

သရက်ချောင်း ဇွန် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာမှုလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စတင်သင်ကြားလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် စာရင်းရှိကျောင်း (၁၂၉) ကျောင်းရှိသည့်အနက် အထက(၁၂)ကျောင်း၊ မူလွန်(၈)ကျောင်း၊ အမက(၁၄) ကျောင်း၊ မူတန်း(၃၄)ကျောင်း၊ စုစုပေါင်း(၆၂)ကျောင်း ကိုဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ဇွန်လ(၂)ရက်နေ့အထိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ (၄၂၃၅)ဦးရှိကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအား စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

သားကြီး(သရက်ချောင်း)