ကျောက်ဆည် ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင်ရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း ၌ ၂၀၂၀-၂၀၂၁ ဒုတိယပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပထမပညာသင်နှစ်အတန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့ အစိုးရာနည်းပညာအထက်တန်းကျောင်းအနဖြင့် အဆောက်အဦနည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ သုတနည်းပညာသင်တန်း၊ အဆောက် အဦပြုပြင်ထိန်းသိမ်းမှုနည်းပညာသင်တန်းများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေး စီစဉ်ဆောင်ရွက်မှုအခြေအနေပုံစံသစ်နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အဆောက်အဦများဖြစ်သည့် စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် ကျောင်းသားဆောင်များတွင် အေးချမ်းစွာပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။
အစိုရစက်မှုလက်မှုသိပ္ပံကျောင်းသည် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတော်ကြီးနှင့်ကိုက်ညီမည့် ပထမ တန်းစားနည်းပညာနှင့် သက်မွေးပညာရေးစနစ်ကို ကြိုးစားဖော်ထုတ်ပေးနိုင်ရေး သက်ဆိုင်ရာနယ်ပယ်များအတွက် ကျွမ်းကျင်မှုရှိသောလုပ်သားများ မွေးထုတ်ပေးလျက်ရှိပြီး စာသင်နှစ် သင်တန်းများအောင်မြင်စွာပြီးဆုံးသွားပါက ဘာသာရပ်သင်တန်းများအလိုက် ပညာရှင်များအဖြစ် သက်ဆိုင်ရာနယ်ပယ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်းနှင့် ထူးချွန်သူများဖြစ်ခဲ့ပါက AGTI ကျောင်းတွက် ဆက်လက်တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်