လက်ပံတန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံပေး

လက်ပံတန်း ဇွန် ၃

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အထက (၁)၊ အထက (၂)၊ အထက (ကျေးနီ)၊ အထက (မကျီးကွင်း)၊ အမက ချမ်းသာကုန်းကျောင်းတို့တွင် KGတန်းမှ Gread-5 အထိ ကျောင်းသား / ကျောင်းသူ (၁၀၃၀)ဦးအား သက်ဆိုင်ရာအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ကို မိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ထင်ဇော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်စမ်းမြင့်နှင့် ဆရာ၊ ဆရာမများကကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကို နောက်ရက်များတွင် သက်ဆိုင်ရာအုပ်စုများ အလိုက်သတ်မှတ်ပြီး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)