သာပေါင်းမြို့နယ်အတွင်းရှိ ကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ

သာပေါင်း ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အခြေပြု ကျောင်းသား၊ ကျောင်းသူများ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ အခြေခံပညာကျောင်း(၂၀)တွင် ကျန်းမာရေးဌာနက သွားရောက်ထိုးနှံပေးခဲ့ကြသည်။

သာပေါင်းမြို့နယ် အခြေခံပညာကျောင်း(၂၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းနှင့် ကျောင်းပေါင်း(၂၄၀)ကျောင်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက်( ၅ နှစ် မှ ၁၂ နှစ်) ကာကွယ်ဆေးများကို ဇွန်လ(၂)ရက်မှ (၃၀)ရက်နေ့အထိကျောင်းအလိုက် ကာကွယ်ဆေးများကို လိုက်လံထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးမည့် လျာထားဦးရေ(၁၇၀၂၂)ဦးရှိပြီး ယနေ့ ဇွန်လ ၂ ရက် ပထမရက် ကျောင်း(၂၀)ကာကွယ်ဆေးထိုးနှံ(၁၃၉၀)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် အားပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)