သတင်းများ

သဲကုန်းမြို့နယ်၌ အသက် (၅) နှစ်မှ (၁၂) နှစ်အောက် အရွယ်ကျောင်းသား / သူကလေးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်တက်ရောက် ပညာသင်ကြားနေသော အသက် (၅) နှစ် မှ (၁၂) နှစ်အောက် အရွယ်ကျောင်းသား / သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စ၍ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့ထုတ်တောင်သူများအား အသိပညာပေးခြင်းများဆောင်ရွက်
Jun 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန်နှင့် မျိုးစေ့အပင်ပေါက် ကောင်းစေရန်တို့အတွက်ရည်ရွယ်၍ စပါးမျိုးစေ့ထုတ်တောင်သူများအား အသိပညာပေးခြင်းနှင့် မျိုးစေ့ဆားရည်စိမ်ခြင်းလက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ဘော်ကြိုကျေးရွာအုပ်စု၊ ဆားတွင်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ် သင်ကြား
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)နှစ်အထိ ကျောင်းနေရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 03,2022
မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော အသက်(၅) နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်၍ ထိုးနှံလျက်ရှိကြောင်း သိရသည်။
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်
Jun 03,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများတွင် ယမန်နေ့ ညနေ ၄ နာရီခွဲမှစ၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရေး ကွင်းဆင်းစစ်ဆေး
Jun 03,2022
စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ဇီဝလုံခြုံမှု အဆင့်အတန်းမြင့်စနစ်ဖြင့် အသားတိုးဝက်များ မွေးမြူလျက်ရှိသည့် ပန်းတနော်မြို့နယ်၊ ဘဝိုင်းကွင်းကျေးရွာရှိ Htoo Htet Han Co,Ltd သို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အသားတိုးဝက်ပေါက်များ မွေးမြူမှုအခြေအနေများ၊ ဈေးကွက်ဝင် အသားတိုးဝက်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဖြန့်ဖြူးရောင်းချရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိအသားတိုး ဝက်ကောင်ရေ ၆၅၀ ဆန့် အဆောက်အဦ ၄ လုံး၌ သားခွဲဝက်ငယ် ၂၄၀၀ အား ထည့်သွင်းမွေးမြူထားရှိပြီး နောက်ထပ်အဆောက်အဦ ၄ လုံး တိုးချဲ့ဆောက်လုပ် မွေးမြူသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မွေးမြူရေးလုပ်ငန်းများ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်စေရေး၊ မှတ်တမ်းများ စနစ်တကျ ရေးသွင်းဆောင်ရွက်စေရေး မှာကြားခဲ့သည်။
ပင်လောင်းမြို့နယ်တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jun 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်အသက် (၅)နှစ်မှ အသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်​ဆေးကို ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်အသီးသီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။