သတင်းများ

မလှိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)မှတ် တမ်းများပါအချက်အလက်များအား e-ID DATA BASE အတွင်းသို့ Software ထည့်သွင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Jun 03,2022
မလှိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)မှတ် တမ်းများပါအချက်အလက်များအား e-ID DATA BASE အတွင်းသို့ Software ထည့်သွင်းခြင်းလုပ်ငန်းများကို ယမန်နေ့ညနေပိုင်းအချိန်တွင် ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်
Jun 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၀)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၀)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ကြံခင်းမြို့ အခြေခံပညာ မူလွန်မြို့မတောင်ကျောင်းဆေးထိုးစုရပ်၊ မြို့မ မြောက်ကျောင်းဆေးထိုးစုရပ်နှင့် ရွာသစ်မြောက်ကျောင်း ဆေးထိုးစုရပ်တို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား / သူများအား ပထမအကြိမ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ပထမအကြိမ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အ.ထ.က (၁)၊ အ.ထ.က (၂) စာသင်ကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​​ေဒ သရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍
မိတ္ထီလာမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရေး ပျိုးပင်ပေါင်း ၈၆၀၀၀ကျော် စိုက်ပျိုးခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 03,2022
မိတ္ထီလာမြို့နယ်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများဖြည့်ဆည်းပေးရန်အတွက် ပျိုးပင်ပေါင်း ၈၆၀၀၀ကျော် စိုက်ပျိုးခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်
Jun 03,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ကျောင်းစတင် တက်ရောက်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြားကျောင်းနေအရွယ် ကလေးများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 03,2022
ကျောင်းနေအရွယ်ကလေးများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန် မိသားစုနှင့်ပတ်ဝန်းအား ရောဂါကူးစက်ပြန့်ပွားမှုတားဆီးနိုင်စေရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအလျှင်အမြန်ရရှိစေရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်စေဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့ ဟူသည့်ဆောင်ပုဒ်အတိုင်း အသက်(၅)နှစ်မှ (၁၂)နှစ်အကြား(ပထမ) အကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ဇွန်လ(၂)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။