မင်းတုန်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)ကျောင်းသား ကျောင်းသူများနှင့် ကျောင်းနေပြင်ပ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မင်းတုန်း ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းနေပြင်ပ အသက်(၅)နှစ်မှ အသက်(၁၅)နှစ်အတွင်းရှိ ကလေးသူငယ်များအား Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူ (၄၇၇၀)ဦးနှင့် ကျောင်းနေပြင်ပ ကလေးသူငယ်ဦးရေ(၂၄၅)ဦး စုစုပေါင်း(၅၀၁၅)ဦး ကာကွယ်ဆေးထိုးရန် လျာထားပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၈၇၀)ဦး (၁၇.၃၄%) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)