သတင်းများ

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အသက်(၇၅)နှစ်အထက် စစ်မှုထမ်းဟောင်းကြီးများအား ထောက်ပံ့ငွေပေးအပ်
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အသက်(၇၅)နှစ်အထက် စစ်မှုထမ်းဟောင်းကြီးများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်းရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၊ မြဝတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဖားကန့်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း ခြောက်ဆယ်ကျော် စတင်ဖွင့်လှစ်
Jun 03,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဇွန်လ(၂)ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်း ခြောက်ဆယ်ကျော် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသောသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသောသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂ ခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြား
Jun 03,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို နိုင်ငံတစ်ဝန်း၌ ဇွန်လ(၂)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းများသည်လည်း ယမန်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဝေါမြို့၌ အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေး
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရန် KG မှ Grade 5 အထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ် အ-ထ-က(၁) အခြေခံပညာအထက်တန်းကျောင်း ပင်မနှစ်ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်
Jun 03,2022
၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ပြင်ထိန်းရန်ပုံငွေဖြင့် ပြုပြင်မွမ်းမံပြီးစီးခဲ့သည့် အ-ထ-က ရေကြည် ပင်မနှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ အချိန်က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm များ ထိုးနှံပေး
Jun 03,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကလေးငယ်အားလုံးကို၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) များ ထိုးနှံပေးလျက်ရှိရာ၊ ယနေ့နံနက်က သတ်မှတ်စုရပ်ကျောင်းများရှိဆေး ထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ခရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်တွင် အသက်(၅)နှစ်မှအသက်(၁၂)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေး
Jun 03,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်ကြား အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း သတ်မှတ်စုရပ်နေရာများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။