သတင်းများ

ကြို့ပင်ကောက်မြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ကျန်ရှိသူများအား နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးမည်
Jun 07,2022
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ကျန်ရှိသူများအား ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
ဟိုပန်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) စတင် ထိုးနှံ
Jun 07,2022
ကျောင်းနေအရွယ် ကလေးသူငယ်များ ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို
သန်လျင်မြို့နယ် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Jun 07,2022
သန်လျင်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များရရှိရေး မိသားစုဝင်ငွေတိုးစေရေး ဒေသဖွံဖြိုးရေးတို့အတွက် ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။
ငါးသိုင်းချောင်းမြို့ရှိ မူလတန်းကျောင်းများ၌ မူးယစ်ဆေးဝါးအလွဲသုံးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 07,2022
(၂၀၂၂)ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့်(၃၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အ-မ-က၊ ရေတံခွန်ကျောင်းနှင့် (အ-မ-က)ဆိတ်ချေးကုန်းကျောင်းတို့၌ ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်စာစောင်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသထားရှိ
Jun 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန၊ ရုံးရှေ့ နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်မှ စတင်ပြသထားကြောင်းသိရသည်။
ထန်းတပင်မြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာအဆင့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက အုန်းပင်ကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ရုံးဝင်းအတွင်း သစ်ပင်များစိုက်ပျိုး
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးမိုးကျော်အောင်နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၇ နာရီအချိန်က ၎င်းတို့ရုံးဝင်းအတွင်း ၌ မိုးရာသီသစ်ပင်စိုက်ပျိုးမှုအနေဖြင့် သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Jun 07,2022
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက် (၉)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။