သတင်းများ

ရေတာရှည်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌
ပြည်ခရိုင်အတွင်း စံပြကြက်ခြေနီ ဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Jun 07,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ စီစဉ်ပြုလုပ်သော ပြည်ခရိုင် ခြောက်မြို့နယ်အတွင်းရှိ စံပြကြက်ခြေနီဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့ ရတနာမာရ်အောင် အဆင့်မြင့်အိမ်ရာ(၃)လမ်းရှိ တာရာလင်းရေခဲမုန့်ဆိုင်၌ ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ပန်းဘဲတန်းမြို့နယ် အ​ခြေခံပညာ​ကျောင်းများရှိ ​ကျောင်းသား၊​ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေး
Jun 07,2022
“ကျောင်း​နေအရွယ်က​လေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံကြပါစို့” ဆိုသည့် ​ဆောင်ပုဒ်နှင့်အညီ ​ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်​ဆေးများ ထိုးနှံ​ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အ.ထ.က(၁)​ကျောင်း၊ ဧကရီခန်းမ၌ ယ​နေ့နံနက် ၉:၃၀ နာရီအချိန်မှစ၍ အသက် ၅နှစ်မှ ၁၁နှစ်အထိ ​ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး Sinopharm ကိုလည်း​ကောင်း အသက် ၁၂နှစ်မှ ၁၅နှစ်အထိ ​ကျောင်းသား​ကျောင်းသူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး Myancopharm ကိုလည်း​ကောင်း ပထမအကြိမ် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
လှိုင်းဘွဲမြို့(ဂ)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက်လမ်းခင်းခြင်း၊အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့(ဂ)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်‌ အောင်သိဒ္ဓိလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ပြီးစီး
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ
ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်
ပိုင်ကျုံမြို့၊ အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ကွင်းဆင်းထိုးနှံ
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်အေး ချမ်းသာစွာပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်၌ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ကျောင်း သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကြက်သွန်ခင်း ၂ တွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။