ထန်းတပင်(ပဲခူး) ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာအဆင့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက အုန်းပင်ကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားကြသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား / ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်မှု / ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေး ခြင်းကိုမြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား / ကျောင်းသူများအား လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)