အမာ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်မှ စတင်ပြသထားကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေးဆောင်ပုဒ်များ၊ အသိပညာပေးပုံများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်အစရှိသည့် သိကောင်းစရာများ၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့်အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် နည်းလမ်းများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများ၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ စသည်ဖြင့် ပြည်သူများသိရှိလေ့လာနိုင်ရန် ပြသထားရှိပြီး ပြည်သူများနှင့်စာငှားသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်းသိရှိရသည်။
နော်လေးလီယန်-အမာ(ပြန်/ဆက်)