နမ္မတူမြို့နယ်၌ အသက် (၁၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် (Sinovac) အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေး
Jun 07,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်ကစတင်၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၁၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် (Sinovac) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။