သတင်းများ

ဘားအံမြို့၌ အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ ကျင်းပ   
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  အစိုးရနိကာယ်စာမေးပွဲကိုယနေ့မွန်းလွဲ (၁:၀၀)နာရီအချိန်က တောင်တန်းသာသနာပြုဗဟိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(မိုင်းလား) အဖွဲ့ ကျိုင်းတုံလေဆိပ်သို့ ပြန်လည်ရောက်ရှိ
Jun 07,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ဇွန်လ ၃ရက်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘဏ္ဍာရေးနှစ်အလိုက် ကောက်ခံနေသည့် အခွန်အရပ်ရပ် ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 07,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘဏ္ဍာရေးနှစ်အလိုက် ကောက်ခံရန်ကျန်ရှိသည့် ကြွေးကျန်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရမည့် အခွန်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 07,2022
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
လဲချားမြို့နယ် အ​-ထ-က(ခွဲ)(နောင်မိန်း) ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်း ကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးဟောပြောပွဲကို  ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
ချောက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွားများအတွက် ထောက်ပံ့ငွေပေးအပ်
Jun 07,2022
မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊​ (ဧပြီ၊ ​မေ၊ ဇွန်)လအတွက်အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မှစတင်၍ ချောက်မြို့နယ်အတွင်းရှိ သက်ကြီးဘိုး၊ ဘွား (၁၀၃၈)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ ယ​နေ့တွင် ထောက်ပံ့​ငွေ​အားလုံးပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။
ပင်လုံမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းမှစ၍ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်​။
မိုင်းဆတ်မြို့၌ လူမှုရေးရာအသိပညာပေးသင်တန်းဖွင့်လှစ်
Jun 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူမှုရေးရာအသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။