သတင်းများ

မြို့သစ်မြို့နယ်တွင် မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြို သင်တန်းများပို့ချ
Jun 07,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြိုနယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမများအား စွမ်းဆောင်ရည်မြင့်မား​စေရေး လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို ဇွန်လ၄ရက်နေ့မှ စတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ကိုယ်ကာယလေ့ကျင့်ခန်း သင်ခန်းစာကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရော်ဘာပျိုးပင်နှင့် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
Jun 07,2022
၂၀၂၁ - ၂ဝ၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရော်ဘာပင်အိုခုတ်လှဲ ခွင့်ရ တောင်သူများအား အထွက်ကောင်း ရော်ဘာပင်ပျိုများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ရော်ဘာပျိုးပင်နှင့် ဒေသခံဥယျာဉ်ခြံရှင်များအတွက် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်ဗွေယန်မြို့၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးပထမအကြိမ် စတင်ထိုးနှံပေး
Jun 07,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အ.မ.က ရှင်ဗွေယန်ကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်ကစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သနပ်ပင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ရန်ကုန်-ခရမ်း အမှတ်(၆)  လမ်းမကြီးဘေးတစ်လျှောက်၌ သစ်တောသစ်ပင်များစိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ ပန်းခြံတိုးချဲ့တည်ဆောက်နိုင်ရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 07,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူအပန်းဖြေနိုင်ရေး ဖွင့်လှစ်ထားသည့် ဧရာမော်ပန်းခြံကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် နိကာယ်စာမေးပွဲကျင်းပ
Jun 07,2022
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကား​စေရန်နှင့် ပရိယတ္တိသာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်တွင်လည်း မြို့နယ်သာသနာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေး ဆရာတော်များနှင့် ကြီးကြပ် ရေးဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ယနေ့မွန်းလွဲ (၁)နာရီအချိန်က ၂၀၂၂ - ခုနှစ် နိကာယ်စာမေးပွဲကို စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော် (၁၈၅)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအားလုံး  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာ၊ ရေငံ-သရက်ကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းနေရွယ်ကလေးများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး Sinophram စတင် ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
သထုံမြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 07,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အခြေခံပညာကျောင်းအသီးသီးတို့ရှိ အသက် (၅)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား စာသင်ကျောင်းအခြေပြု ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က အခြေခံပညာကျောင်း (၇)ကျောင်းတို့၌ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။