သတင်းများ

တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို
စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာပေရေးရာဆွေးနွေးပွဲကျင်းပ
Jun 08,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် မိုးနှောင်းနေကြာ ၁ဝဝ ဧက လျာထားစိုက်ပျိုးမည်
Jun 08,2022
မိတ္ထီလာမြို့နယ်တွင် နေကြာမျိုးကောင်းမျိုးသန့်ရရှိစေရန် မိုးနှောင်းနေကြာ ၁ဝဝ ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းထံက သိရသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း သွားရောက်ကြည့်ရှုစစ်ဆေး
Jun 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုနှင့် စာသင်ကြားနေမှုများကို ယမန်နေ့နံနက် ၉ နာရီက နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ (၂၀၂၂)ခုနှစ် နှစ်ပတ်လည်နေ့ အစည်းအဝေးကျင်းပ
Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂ဝ၂၂-ခုနှစ်နှစ်ပတ်လည်နေ့ အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက သပိတ်ကျင်းမြို့နယ်အတွင်းရှိ အမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေးတပ်အတွင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နိကာယ်စာမေးပွဲ (ဝိဒူတန်း) စတင်ဖြေဆိုနေမှုအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကြည့်ရှုအားပေး
Jun 08,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်သော ၁၃၈၄-ခုနှစ် (၂၀၂၂)ခုနှစ်၊ နိကာယ်စာမေးပွဲ(ဝိဒူတန်း) စတင်ဖြေဆိုနေမှု အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်တွင် ယူရီးယားမြေဩဇာအား ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Jun 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တောင်သူများအား ယူရီးယားမြေဩဇာများ ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုးမိတ်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေး
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်ကျောင်း၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။