သန်လျင်မြို့နယ် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

သန်လျင် ဇွန် ၇

သန်လျင်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များရရှိရေး မိသားစုဝင်ငွေတိုးစေရေး ဒေသဖွံဖြိုးရေးတို့အတွက် ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။

သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု ဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၆ ရက် က သန်လျင်မြို့နယ် ညောင်လေးပင်ကျေးရွာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာရည်၊ ခေါင်းလျော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရာ  မြို့နယ်ဦးစီးမှုး ဒေါ်မြတ်မြတ်မော်က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသားသင်တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြများက ဇွန် ၁၀ ရက်အထိ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)