ဒေးဒရဲမြို့ (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ဒေးဒရဲ ဇွန် ၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ()နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က  ကလေးအလုပ်သမားပပျောက်ရေး (Talk Show)  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့် အချက်များ၊ ကလေးငယ်များနှင့် ပတ်သက်ပြီး ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ အရွယ် မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိလာရသည့် အဓိကအကြောင်းအရင်းများအား အသိပညာပေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကလေးအလုပ်သမားပပျောက်ရေးပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သမား ပပျောက်ရေးဥပဒေများ စသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ များကို ဆွေးနွေးပြောကြားခဲ့သည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ အသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး နံရံကပ်ပြဘုတ်များကိုလည်း ပြည်သူများ လေ့လာသိရှိနိုင်ရေး ပြသပေးထားကြောင်း သိရသည်။

ရွှေဒေးသူ