ကျောက်မဲခရိုင်၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ရုံးဝင်းအတွင်း သစ်ပင်များစိုက်ပျိုး

ကျောက်မဲ ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးမိုးကျော်အောင်နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၇ နာရီအချိန်က ၎င်းတို့ရုံးဝင်းအတွင်း ၌ မိုးရာသီသစ်ပင်စိုက်ပျိုးမှုအနေဖြင့် သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးဝင်းအတွင်း နှစ်ရှည်ပင်၊ ပန်းအလှပင်များဖြစ်သည့် ကျွန်း၊ ပိတောက်၊ ချယ်ရီ၊ ကံ့ကော်နှင့် ရင်ခတ်ပန်းပင်ပေါင်း ၅၀ ပင် စိုက်ပျိုးခဲ့ပြီးပျိုးပင်များကို မြို့နယ် သစ်တောဦးစီးဌာနတွင် အခမဲ့ရယူခဲ့ကြောင်း သိရသည်။

အလားတူ မိုးရာသီ  သစ်ပင်စိုက်ပျိုးခြင်းကို မြန်မာနိုင်ငံတစ်ဝန်းလုံရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနများမှလည်း တစ်ချိန်တည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်မဲခရိုင်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်အောင်၏ ပြောကြားချက်အရသိသည်။

မိုင်းထွန်း(ပြန်/ဆက်)