ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး
Jun 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “စိတ်ရောင်စုံ အလှပိုင်ရှင်မြန်မာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။