သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအမျိုးသမီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်
Jun 09,2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုဖလားဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စကားလုံးဆက်ပြိုင်ပွဲ ကျင်းပ
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာစကားလုံး ဆက်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၅/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jun 09,2022
တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၅/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းကိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများနှင့် ရှင်သာမဏေများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Jun 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား ကျောင်းသူများနှင့် ရှင်သာမဏေများကို  ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နေ့မနက်ပိုင်းတွင် ဝမ်ဖွီးကျေးရွာအုပ်စုရှိ မဟာသုခမင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ဝမ်ပန်ဘုန်းတော်ကြီးကျောင်း၊ အ.လ.က−ခွဲ(ကတ်ဖွီး)၊ အ.မ.က(လွိုင်လိုင်)တို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ၊ မြို့နယ်ပညာရေးမှူး ပူးပေါင်းအဖွဲ့တို့က  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ခမောက်ကြီးမြို့ Quaratine Center မှ နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူ
Jun 09,2022
ခမောက်ကြီးမြို့တွင် ယမန်နေ့က ရနောင်းမြို့မှ ရောက်ရှိလာသော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား(၄၁)ဦးတို့၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ခန့်က ခမောက်ကြီးမြို့ Quaratine Center တွင်ဆောင်ရွက်ခဲ့သည်။
လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ယမန်နေ့က အမှတ် (၆) ရပ်ကွက်၊ အ.မ.က. ၆ ကျောင်း၊ အမှတ် (၇) ရပ်ကွက် အ.မ.က ၂၂ ကျောင်းနှင့် အမှတ် (၁၀) ရပ်ကွက် အ.မ.က ၃၀ ကျောင်းတို့တွင် ကိုဗစ်-​၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင်  Booster (Covid Shield)၊First dose နှင့် Second dose  (၄၁၅ )ဦးအား ထိုးနှံ
Jun 09,2022
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm (sinovac) ကာကွယ်ဆေ
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေ ရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်အညွန့်အဖူးလေးများ အတွက်စာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  Community  Centre ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။