ကျိုက်ဒုံ ဇွန် ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာရေးဆရာကောင်းမြတ်ရေးသားထားသော “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့များမှ မိမိတို့ကြိုက်နှစ်သက်သည့် စည်းကမ်းမလိုက်နာတက်တဲ့ကလေး၊ လေ့လာသင်ယူမှုအားနည်းတဲ့ ကလေး၊ အများအာရုံစိုက်မှုခံလိုတဲ့ကလေး စသည့် စာအုပ်ပါအကြောင်းအရာခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်