မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အထက်မင်းလှ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင် ရန်အတွက် ခရိုင်အဆင့်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျင်းပ ပြုလုပ်မည်ဖြစ်သည့်အတွက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရေး ကော်မတီတွင် ဖွဲ့စည်းတာဝန်ပေးထားသည့် ဌာနဆိုင်ရာများမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မည့်သူများအား ရွေးချယ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရေး ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)