ရန်ကင်းမြို့နယ်အတွင်းရှိ စည်ပင်ဝန်ထမ်းအိမ်ရာဝင်းအတွင်း စျေးရောင်းကားများဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားငါးများစတင် ရောင်းချပေး

ရန်ကင်း ဇွန် ၈ 

ရန်ကင်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊  ကံဘဲ့စည်ပင် အိမ်ရာဝင်းအတွင်း၌ ယမန်နေ့ နံနက် ၇ နာရီက  စျေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများစတင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားသုံးသူပြည်သူများ အဆင်ပြေစေရေး အိမ်ရာအရောက် စျေးကားများဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများမှာ ပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲအား တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေသည်ကို သိရသည်။

ရပ်ကွက်နေ ပြည်သူများ၊ စည်ပင်အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းများ၊ မိသားစုများ အဆင်ပြေစွာနှင့် စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် စျေးကားများဖြင့် လာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် စားသုံးသူပြည်သူများအနေဖြင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်သည့်အတွက်အချိန် ကုန်ပြီးစျေးနှုန်းသက်သာစွာနှင့် ဝယ်ယူနိုင်ရန်အတွက် စျေးကားများဖြင့် အိမ်အရောက်လိုက်လံ ရောင်းချပေးလျက်ရှိရာ အဆင်ပြေပြီး စျေးနှုန်းသက်သာသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆင်ပြေမှုရှိပါကြောင်း စျေးဝယ်သူများမှ ပြောကြားခဲ့သည်။

သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များမှ ပေါင်းစပ်စီစဉ်ကြီးကြပ်ကာ ဝယ်ယူသူပြည်သူများ အဆင်ပြေစေရေး  ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

အိရွှေစင် (ပြန်/ဆက်)