နတ်မောက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၂၂၄၈၇)ဦး အေးချမ်းစွာ ပညာသင်ကြား

နတ်မောက် ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အခြေခံပညာကျောင်းများတွင် ဇွန်လ ၂ ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉)နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ သင်ကြားလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း၌ အ.ထ.က (၁၄)ကျောင်း၊ အ.ထ.က (ခွဲ) (၄၃)ကျောင်း၊ အ.လ.က (၅၅) ကျောင်း၊ အ.လ.က (ခွဲ) (၃၁)ကျောင်း၊ အ.မ.က (၃၅)ကျောင်း၊ အ.မ.က (ခွဲ) (၆)ကျောင်း၊ အ.မ.က(မူလွန်) (၂၈)ကျောင်း၊ စုစုပေါင်း (၂၁၂)ကျောင်းမှ ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၃၂၉၆)ဦးရှိသည့်အနက်၊ လာရောက်တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၄၈၇)ဦးပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းအသီးသီးသို့  အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

လှဝင်း ( နတ်မောက်)